ပြစ်မှုဆိုင်ရာ အမှုတစ်ခုတွင်တရားခံတစ်ဦးကပေးသောဖြောင့်ချက်သည် သွေးဆောင်ခြင်း၊ခြိမ်း ခြောက်ခြင်း သို့မဟုတ် ကတိပေးခြင်းကြောင့်ဖြစ်ရသည်ဟုလည်းကောင်း၊ ယင်းသို့ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ကတိပေးခြင်းတို့သည် တရားခံအပေါ် အရေးယူထားသောစွပ်စွဲချက်ကို ရည်ညွှန်း ကြောင်း၊ အခွင့်အာဏာရှိသူတစ်ဦးထံမှ ထွက်ပေါ်လာကြောင်း၊ ထိုသို့ဖြောင့်ချက်ပေးလျှင် တရားခံ၌ အမှုနှင့်စပ်လျဉ်း၍အကျိုးတစ်စုံတစ်ရာခံစားရမည် သို့မဟုတ် ယခုဘဝမှာပင် ဆိုးကျိုးတစ်ခုခုကိုတိမ်း ရှောင်နိုင်မည်ဟုတရားခံက ယုံကြည်လောက်အောင်အကြောင်းခိုင်လုံသည်ဟု တရားရုံးကထင်မြင်ဖွယ် ရှိကြောင်းကိုလည်းကောင်း၊ တရားရုံးကတွေ့ရှိရလျှင်ထိုဖြောင့်ချက်သည် မစပ်ဆိုင်ချေ။