တရားမမှု သို့မဟုတ် အခြားမှုခင်းတစ်ခုတွင် စီရင်ချက်၊ အမိန့်၊ သို့မဟုတ် ဒီကရီတစ်ခုသည် ပုဒ်မ ၄၀၊ ၄၁ သို့မဟုတ် ၄၂ အရစပ်ဆိုင်သောအချက်ဖြစ်နေသဖြင့် ဆန့်ကျင်ဘက်အမှုသည်ကထိုစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီကို သက်သေထင်ရှားတင်ပြထားလျှင် ထိုတရားရုံးသည် အရည်အချင်းမပြည့်မီ ဘဲ ချမှတ်ခဲ့သည်ဟူ၍လည်းကောင်း၊ လိမ်လည်လှည့်ဖြား၍ဖြစ်စေ၊ ပူးပေါင်းကြံစည်၍ဖြစ်စေ ရရှိခဲ့သည် ဟူ၍လည်း ကောင်း ကျန်ဆန့်ကျင်ဘက်အမှုသည်က တင်ပြနိုင်သည်။