တရားမမှုတွင် အငြင်းပွားသော ကိစ္စနှင့်စပ်လျဉ်း၍ သိလိုသော အကြောင်းအရာကို မည်သူတို့ ထံ မေးမြန်းနိုင်ကြောင်း အမှုသည်တစ်ဦးက အတိအလင်း ညွှန်ပြလျှင် ထိုသို့ညွှန်ပြခြင်းခံရသူတို့၏ ထွက်ဆိုချက်များသည် ဝန်ခံချက်များဖြစ်သည်။
ဥပမာများ
ပြဿနာမှာ A က B သို့ရောင်းလိုက်သော မြင်းသည် အနာအဆာလွတ်ခြင်းရှိ မရှိဖြစ်သည်။
A က C ထံသို့သွားမေးပါ။ “C သည် မြင်းအကြောင်းကိုအလုံးစုံသိပါသည်” ဟု B အားပြောသည်။ C ၏ပြောဆိုချက်သည် ဝန်ခံချက်ဖြစ်သည်။