ပုဒ်မ ၄၉
ပုဒ်မ ၄၉
အလေ့အထများ၊ အယူဝါဒများစသည်တို့နှင့် စပ်လျဉ်းသည့်ထင်မြင်ချက်များမည်သည့်အခါအမှု ၌စပ်ဆိုင်ခြင်း

တရားရုံးသည် အောက်ပါကိစ္စများကိုဆင်ခြင်သုံးသပ်ရန်ရှိသည့်အခါ-

ထိုကိစ္စ၏ အကြောင်းအရာကိုသိရှိရန် အထူးအခွင့်အလမ်းရှိသူတို့၏ထင်မြင်ချက်များသည် အမှု၌ စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။

လူတစ်စု သို့မဟုတ် မိသားစုတစ်ခု၏အလေ့အထများနှင့် အယူဝါဒများတို့နှင့်စပ်လျဉ်းသည့်ကိစ္စ၊

ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် ကုသိုလ်ရေးအဖွဲ့အစည်း တစ်ခုခု၏ဖွဲ့စည်းပုံနှင့် စီမံအုပ်ချုပ်ပုံတို့နှင့် စပ်လျဉ်းသည့်ကိစ္စ၊

အချို့ဒေသများတွင်ဖြစ်စေ၊ အချို့လူအတန်းအစားကဖြစ်စေ တသီးတခြားသုံးစွဲပြောဆိုသော စကားလုံး များ သို့မဟုတ် ဝေါဟာရများ၏အဓိပ္ပာယ်နှင့်စပ်လျဉ်းသည့်ကိစ္စ။