ပြစ်မှုဆိုင်ရာမှုခင်းများတွင် တရားခံ၏အကျင့်စာရိတ္တ မကောင်းဆိုသောအချက်သည်စပ်ဆိုင်သော အချက်မဟုတ်ချေ။ သို့ရာတွင် တရားခံ၏အကျင့်စာရိတ္တကောင်းကြောင်းသက်သေခံချက်တင်ပြထား လျှင်တရားခံ၏ အကျင့်စာရိတ္တမကောင်းဆိုသောအချက်သည် စပ်ဆိုင်သည်။
ရှင်းလင်းချက်(၁) ။ အမှုများတွင်လူတစ်ဦးတစ်ယောက်၏အကျင့်စာရိတ္တမကောင်းဟူသည့် အချက် သည် ပင်လျှင် အငြင်းဖြစ်သည့် အကြောင်းခြင်းရာဖြစ်နေလျှင် ဤပုဒ်မသည် ထိုအမှုများနှင့်မသက် ဆိုင်ချေ။
ရှင်းလင်းချက်(၂) ။ ယခင်ကပြစ်မှုကျူးလွန်သည်ဟုတရားရုံးကဆုံးဖြတ်သည်ကို ခံခဲ့ရခြင်းသည် အကျင့်စာရိတ္တမကောင်းကြောင်းသက်သေခံချက်အဖြစ်စပ်ဆိုင်သည်။