ပုဒ်မ ၃၅
ပုဒ်မ ၃၅
တာဝန်ဝတ္တရားကိုဆောင်ရွက်သောအားဖြင့် အများပြည်သူဆိုင်ရာမှတ်တမ်းတွင် ရေးသွင်းချက် သည် စပ်ဆိုင်ခြင်း

အများပြည်သူတို့နှင့်သက်ဆိုင်သော သို့မဟုတ် ရုံးလုပ်ငန်းသုံးဖြစ်သော စာအုပ်၊ မှတ်ပုံတင်စာအုပ် သို့မဟုတ် မှတ်တမ်းတစ်ခုခုပါ ရေးသွင်းချက်တစ်ခုသည် အငြင်းဖြစ်သည့်အကြောင်းခြင်းရာကိုဖြစ်စေ၊ သက်ဆိုင်သော အကြောင်းခြင်းရာကိုဖြစ်စေ ဖော်ပြသည်ဖြစ်၍ ထိုရေးသွင်းချက်ကိုလည်း တာဝန် ဝတ္တရားအရ ဆောင်ရွက်ရာတွင်ရေးသွင်းခြင်းပြုသည့် ပြည်သူ့ဝန်ထမ်းကရေးသားခြင်းဖြစ်လျှင် သို့မဟုတ် အဆိုပါ စာအုပ်၊ မှတ်ပုံတင်စာအုပ်သို့မဟုတ်မှတ်တမ်းထားရှိရာတိုင်းပြည်၏တရားဥပဒေ ဖြင့် အထူးဖော်ပြသတ်မှတ်ချက်အရ တာဝန်ဝတ္တရားကိုဆောင်ရွက်ရာတွင် ရေးသွင်းခြင်းပြုသည့်အခြား သူတစ်ဦးဦးက ရေးသွင်းခြင်းဖြစ်လျှင် ထိုရေးသွင်းချက်သည်ပင်လျှင် အမှု၌စပ်ဆိုင်သောအကြောင်း ခြင်းရာတစ်ခုဖြစ်သည်။