အမှုသည်တစ်ဦး၏ ထွက်ဆိုချက်များသည်ဝန်ခံချက်များဖြစ်သည်။ ထို့ပြင်ထိုသို့ထွက်ဆိုနိုင်ရန် အဆိုပါအမှုသည်က အတိအလင်းသော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လုပ်ပိုင်ခွင့်အပ်နှင်းထားသူဟု တရားရုံးကအမှု၏အခြေအနေများအရ ယူဆသော ထိုအမှုသည်၏ကိုယ်စားဆောင်ရွက် သူ၏ ထွက်ဆိုချက်များသည်လည်းဝန်ခံချက်များဖြစ်သည်။
ကိုယ်စားလှယ်အဖြစ်ဖြင့် စွဲဆိုသောအမှုသည်၏ဝန်ခံချက်။
တရားမမှုများတွင် ကိုယ်စားလှယ်အဖြစ်ဖြင့် တရားစွဲဆိုသည့် သို့မဟုတ်တရားစွဲဆိုခြင်းခံရသည့်အမှု သည်များ၏ထွက်ဆိုချက်များသည် ထိုသို့ကိုယ်စားလှယ်အဖြစ်ထွက်ဆိုခြင်းဖြစ်လျှင် ဝန်ခံချက်များ ဖြစ်သည်။
အချင်းဖြစ် ပစ္စည်းတွင်အကျိုးခံစားခွင့်ရှိသူအမှုသည်၏ဝန်ခံချက်။
ထွက်ဆိုချက်များပြုလုပ်ရာတွင်-
(၁) အမှု၌အချင်းဖြစ်ပစ္စည်းတွင် ပိုင်ဆိုင်ခွင့်သော်လည်းကောင်း၊ ငွေရေးကြေးရေးအကျိုးခံစားခွင့်သော် လည်းကောင်း ရှိသူများက ထိုသို့အကျိုးခံစားခွင့်ရှိသူများအနေနှင့်ထွက်ဆိုချက်များသည် သို့မဟုတ်
အဆိုပါ အကျိုးခံစားခွင့်ရရှိရာဖြစ်သောသူ၏ဝန်ခံချက်။
(၂) တရားမမှု၌ အချင်းဖြစ်ပစ္စည်းတွင် အကျိုးခံစားခွင့်ကိုအမှုသည်များက အခြားသူများထံမှရရှိသည့်အခါ ထိုအကျိုးခံစားခွင့်ကို မူလလက်ရှိဖြစ်သူတို့၏ ထွက်ဆိုချက်များသည်ထွက်ဆိုသူများ၏အကျိုးခံစားခွင့် တည်ရှိနေဆဲကာလအတွင်းထွက်ဆိုခဲ့ခြင်းဖြစ်လျှင် ဝန်ခံချက်များ ဖြစ်သည်။