အငြင်းဖြစ်သည့်အကြောင်းခြင်းရာ သို့မဟုတ် စပ်ဆိုင်သောအကြောင်းခြင်းရာကို ရှင်းလင်းရန်ဖြစ်စေ၊ ထုတ်ဖော်ရန်ဖြစ်စေ၊လိုအပ်သောအချက်များသည် လည်းကောင်း၊ အငြင်းဖြစ်သည့်အကြောင်းခြင်း ရာ သို့မဟုတ် စပ်ဆိုင်သော အကြောင်းခြင်းရာပေါ်ပေါက်သည့်ကောက်ယူချက်ကိုထောက်ခံသော သို့မ ဟုတ် ငြင်းဆိုသော အချက်များသည်လည်းကောင်း၊ တစ်စုံတစ်ခုသောအရာဝတ္ထုသည် မည်သည့်အရာ ဖြစ်သည်ဆိုသော အချက် သို့မဟုတ် တစ်ဦးတစ်ယောက်သောသူသည် မည်သူဖြစ်သည်ဆိုသောအချက် သည်စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်လျှင် ထိုအချက်များကိုဖော်ပြသည့်အချက်များသည်လည်း ကောင်း၊ အငြင်းဖြစ်သည့် အကြောင်းခြင်းရာသို့မဟုတ် စပ်ဆိုင်သောအကြောင်းခြင်းရာတစ်ခုခုဖြစ်ပွား သည့်အချိန် သို့မဟုတ် နေရာကိုဖော်ပြသည့်အချက်များသည်လည်းကောင်း၊ အငြင်းဖြစ်သည့် အကြောင်းခြင်းရာကိုဖြစ်စေ၊ စပ်ဆိုင်သော အကြောင်းခြင်းရာကိုဖြစ်စေ ပြုလုပ်ခဲ့သူများတစ်ဦးနှင့်တစ် ဦး ဆက်သွယ်မှုကိုဖော်ပြသော အချက်များသည် လည်းကောင်း၊ သက်ဆိုင်ရာကိစ္စအတွက် လိုအပ်သမျှ သည် စပ်ဆိုင်သောအကြောင်းခြင်းရာများဖြစ်သည်။
ဥပမာများ
(က) ပြဿနာမှာ စာတမ်းအမှတ်အသားတစ်ခုသည် A ၏သေတမ်းစာ ဟုတ်မဟုတ်ဖြစ်သည်။
အဆိုပါသေတမ်းစာပါနေ့ရက်တွင် A ၏ပစ္စည်းနှင့် မိသားစုတို့၏အခြေအနေမှာ စပ်ဆိုင်သောအကြောင်း ခြင်းရာများဖြစ်နိုင်သည်။
(ခ) A သည် ရှက်ဖွယ်ရာအပြုအမူကို ပြုကျင့်ကြောင်းဖြင့် B ကစွပ်စွဲသည့်အတွက် B အပေါ်တွင် အသရေဖျက်မှုဖြင့် A က တရားစွဲဆိုသည်။ အသရေပျက်စေသည်ဆိုသောအကြောင်းအရာများသည် မှန်ကန်သည်ဟု B က ထွက်ဆိုသည်။
အသရေပျက်စေသည့် အကြောင်းကြေညာသည့်အချိန်က အမှုသည်များ၏အနေအထားနှင့် ဆက်ဆံပုံ တို့မှာအငြင်းဖြစ်သည့် အချက်များကို ထုတ်ဖော်သည့် အနေဖြင့် အမှု၌ စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ်နိုင်သည်။
အသရေပျက်မှုနှင့် မသက်ဆိုင်သော အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ A နှင့် B တို့အငြင်းပွားသည့် အကြောင်းအရာများမှာအမှု၌စပ်ဆိုင်ခြင်းမရှိ။ သို့ရာတွင် ထိုအငြင်းပွားမှုကြောင့် A နှင့် B တို့၏ဆက် ဆံရေးကို ထိခိုက်စေလျှင် ထိုကဲ့သို့ အငြင်းပွားမှုရှိသည်ဆိုသော အချက်မှာ စပ်ဆိုင်သော အကြောင်းခြင်း ရာဖြစ်နိုင်သည်။
(ဂ) A သည် ပြစ်မှုတစ်ခုဖြင့်စွပ်စွဲခံရသည်။
ပြစ်မှုကျူးလွန်ပြီးနောက် မကြာမီ A သည် နေအိမ်မှထွက်ပြေးသွားခြင်းမှာ အငြင်းဖြစ်သည့် အကြောင်း ခြင်းရာနောက်ပိုင်းတွင် ယင်းအကြောင်းခြင်းရာကြောင့် ဖြစ်ပေါ်သော အပြုအမူအဖြစ် ပုဒ်မ ၈ အရ စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။
နေအိမ်မှ ထွက်ခွာသွားသည့်အချိန်က၎င်းသွားရောက်သော အရပ်တွင် ရုတ်တရက်အရေးကြီးသော ကိစ္စ ရှိခြင်းမှာ နေအိမ်မှ ရုတ်တရက်ထွက်သွားရခြင်း၏ အကြောင်းရင်းကိုရှင်းလင်းသည့် အနေဖြင့် စပ်ဆိုင် သည်။
ထွက်ခွာသွားရသော ကိစ္စနှင့် ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများမှာ စပ်ဆိုင်ခြင်းမရှိ။ ကိစ္စ မှာ ရုတ်တရက်နှင့် အရေးတကြီးဖြစ်ကြောင်း ဖော်ပြရန် လိုအပ်သရွေ့သာလျှင်စပ်ဆိုင်သည်။
(ဃ) A ထံတွင် အလုပ်လုပ်ရန်ပဋိညာဉ်ကို ဖောက်ဖျက်စေရန်အတွက် B က C ကိုသွေးဆောင်သည်ဟု A က B အပေါ်တွင်တရားစွဲဆိုသည်။ C က A ထံမှအလုပ်ထွက်သွားစဉ် “B က ကျွန်တော့်အားလစာကြေးငွေ ပိုမိုပေးမည်ဆို၍ကျွန်တော် ခင်ဗျားထံမှထွက်သည်” ဟု A ကိုပြောဆိုသည်။ ဤပြောဆိုချက်သည် C ၏အပြုအမူကိုရှင်းလင်းသည့်အနေဖြင့် အမှု၌စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။ C ၏ အပြုအမူသည်လည်း အငြင်းဖြစ်သည့် အကြောင်းခြင်းရာအဖြစ်ဖြင့်စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။
(င) A သည် ခိုးမှုဖြင့် စွဲဆိုခံရရာတွင် ခိုးရာပါ ပစ္စည်းကို B သို့ပေးလိုက်၍ B က ထိုပစ္စည်းကို A ၏ဇနီးသို့ပေး လိုက်သည်ကိုတွေ့မြင်ရသည်။ B ကပစ္စည်းပေးလိုက်စဉ် “ဒီဟာကို ဝှက်ထားရန် A မှာလိုက်သည်” ဟု ပြောဆိုသည်။ B ၏ပြောဆိုချက်သည် အမှုကိစ္စတွင် ပါဝင်သော အချက် တစ်စိတ်တစ်ဒေသကို ရှင်းလင်းသည့်အနေဖြင့် စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။
(စ) A အားရုန်းရင်းဆန်ခတ်မှုဖြင့် တရားစွဲဆိုရာ A သည်လူစုလူဝေး၏ ရှေ့မှခေါင်းဆောင်ချီတက် သွားကြောင်း သက်သေထင်ရှားရှိသည်။ ထိုလူစုလူဝေး၏အော်ဟစ်သံများသည် အမှုကိစ္စ၏သဘောကို ရှင်းလင်းသည့် အနေဖြင့် စပ်ဆိုင်သည်။
(ဆ) အေ သည် အီလက်ထရောနစ်မှတ်တမ်းဖြင့် ဘီ အား ဆန့်ကျင်၍ သက်သေထင်ရှားပြရန်အတွက် ကြိုးပမ်း ဆောင်ရွက်သည်။ အေ သို့မဟုတ် ဘီ က နည်းလမ်းတကျ ဖြစ်စေ သို့မဟုတ် နည်းလမ်းမကျဘဲဖြစ်စေ လုပ်ဆောင်သော၊ ဆက်သွယ်သော၊ လက်ခံသော သို့မဟုတ် သိမ်းဆည်းသော နည်းစနစ်နှင့် အပြုအမူသည်လည်းကောင်း၊ ထရောနစ်မှတ်တမ်းကို နည်းလမ်းတကျဖြစ်စေ သို့မဟုတ် နည်းလမ်းကျနခြင်းမရှိဘဲဖြစ်စေ လုပ်ဆောင်ရန်၊ ဆက်သွယ် ရန်၊ လက်ခံရန် သို့မဟုတ် သိမ်းဆည်းရန် ဆောင်ရွက်သော သို့တည်းမဟုတ် အသုံးပြုနိုင်သော ပတ်ဝန်းကျင်အခြေအနေ နှင့် ပစ္စည်းကိရိယာအပေါ် ယုံကြည်လက်ခံနိုင်မှုသည်လည်း ကောင်း တင်သွင်းသူ အေ ၏ တောင်းဆိုချက်အပေါ် အထောက်အပံ့ပြုသည့် အီလက်ထရောနစ်မှတ်တမ်းဖြစ်ခြင်း သို့မဟုတ် မဖြစ်ခြင်း ဆိုသည့်အချက်ကို အထောက်အပံ့ ဖြစ်စေရန်အတွက် ထင်ရှားအောင်ပြုခြင်း သို့တည်းမဟုတ် အီလက်ထရောနစ် မှတ်တမ်းကို စတင်မိတ်ဆက်ပြသခြင်း၊ ရှင်းလင်းပြသခြင်းအားဖြင့် အီလက်ထရောနစ်မှတ်တမ်းကို စစ်မှန်ကြောင်း ပြဆိုရာတွင် (ပါဝင်သည့် အကြောင်းအရာ များသည် စပ်ဆိုင်လျှင်) စပ်ဆိုင်သော အကြောင်းချင်းရာ ဖြစ်သည်။”