ပုဒ်မ ၃၆
ပုဒ်မ ၃၆
မြေပုံ၊ နယ်ပုံအသေးစိတ်မြေပုံများတွင် ပါရှိသည့်ရေးမှတ်ချက်များသည်အမှု၌စပ်ဆိုင်ခြင်း

အများပြည်သူသို့ရောင်းချရန် ထုတ်ဝေသောမြေပုံများသို့မဟုတ် နယ်ပုံများတွင် ဖြစ်စေ၊ အစိုးရ၏ အခွင့်အမိန့်အရ ထုတ်လုပ်သောမြေပုံများ သို့မဟုတ် အသေးစိတ် မြေပုံများတွင်ဖြစ်စေ ဖော်ပြလေ့ရှိ သော အကြောင်းအရာများ၌အငြင်းဖြစ်သည့် အကြောင်းခြင်းရာများသို့မဟုတ် စပ်ဆိုင်သော အကြောင်းခြင်းရာများကိုဖော်ပြထားလျှင်အဆိုပါ ဖော်ပြချက်များသည်ပင်လျှင် စပ်ဆိုင်သော အကြောင်း ခြင်းရာများဖြစ်သည်။