ပုဒ်မ ၄၁ တွင်ဖော်ပြထားသော စီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီများပင် မဟုတ်သော်လည်း အခြား စီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီများသည် စုံစမ်းစစ်ဆေးနေသည့်ကိစ္စနှင့်စပ်ဆိုင်သော အများ ပြည်သူဆိုင်ရာအရေးအခင်းများနှင့်ဆက်စပ်နေလျှင် ထိုစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီများသည် စပ်ဆိုင်သည်။ သို့သော်လည်း အဆိုပါစီရင်ချက်၊အမိန့် သို့မဟုတ် ဒီကရီများသည် ယင်းတို့တွင် ဖော်ပြ ထားချက်များအတွက်အပြီးသတ်သက်သေခံချက် မဟုတ်ချေ။
ဥပမာ
A က B ကို မိမိမြေပေါ်တွင်ကျူးကျော်မှုဖြင့်တရားစွဲဆိုသည်။ B ကထိုမြေပေါ်တွင် အများပြည်သူတို့သွားလာခွင့်ရှိကြောင်းထုချေသည်။ ထိုထုချေချက်မမှန်ကြောင်း A ကငြင်းဆိုသည်။
A က C အားအဆိုပါ မြေပေါ်၌ပင် ကျူးကျော်မှုဖြင့်တရားစွဲဆိုရာတွင် C က ထိုမြေပေါ်တွင်အများပြည် သူတို့ သွားလာခွင့်ရှိသည်ဟူသောအချက်ကိုပင် တင်ပြသဖြင့် တရားပြိုင်အား အနိုင်ပေးလိုက်သောဒီက ရီတည်ရှိခြင်းသည်စပ်ဆိုင်သည်။ သို့သော်လည်း ထိုဒီကရီသည် အချင်းဖြစ်မြေပေါ်တွင် ထိုသို့သွားလာ ခွင့်ရှိကြောင်းမှာအပြီးသတ်သက်သေခံချက်မဟုတ်ချေ။