ပုဒ်မ ၁၁
ပုဒ်မ ၁၁
အခြားနည်းအားဖြင့် စပ်ဆိုင်ခြင်းမရှိသည့်အကြောင်းခြင်းရာများမည်သည့်အခါစပ်ဆိုင်လာခြင်း

အမှု၌စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ်သည်ဟု အခြားနေရာများတွင် ပြဋ္ဌာန်းမထားသော်လည်း အချို့အကြောင်းခြင်းရာများသည် အောက်ပါကိစ္စများတွင် စပ်ဆိုင်သည်-

(၁) အဆိုပါ အကြောင်းခြင်းရာများသည် အငြင်းဖြစ်သည့် အကြောင်းခြင်းရာ သို့မဟုတ် စပ်ဆိုင်သော အကြောင်းခြင်းရာတစ်ခုခုနှင့် မညီညွတ်သောကိစ္စ၊

(၂) အဆိုပါ အကြောင်းခြင်းရာများက ယင်းတို့ချည်းသက်သက်ဖြစ်စေ၊ အခြားအကြောင်းခြင်းရာများ နှင့် ဆက်စပ်၍ဖြစ်စေ၊ အငြင်းဖြစ်သည့် အကြောင်းခြင်းရာ သို့မဟုတ် စပ်ဆိုင်သော အကြောင်းခြင်းရာတစ်ခုခု ဟုတ်မှန် ကြောင်းကိုသော်လည်းကောင်း၊ မဟုတ်မှန်ကြောင်းကိုသော်လည်းကောင်း ဖြစ်နိုင် လောက်သည်ဟု သို့မဟုတ် မဖြစ်နိုင်လောက်သည်ဟု ကောက်ယူစေနိုင်သောကိစ္စ။

ဥပမာများ

(က) ပြဿနာမှာ A သည်ရန်ကုန်မြို့၌နေ့တစ်နေ့တွင် ပြစ်မှုတစ်ခုခုကိုကျူးလွန်ခြင်းရှိမရှိဖြစ်သည်။

ထိုနေ့က A သည် မေမြို့၌ရှိနေသည်ဆိုသော အချက်သည်စပ်ဆိုင်သည်။

ပြစ်မှုကျူးလွန်ချိန် ပတ်ဝန်းကျင်တွင် A သည် ပြစ်မှုကျူးလွန်သည့်နေရာနှင့်ခရီးအတန် ဝေးကွာသည့် နေရာ၌ရောက်ရှိနေသဖြင့် ပြစ်မှုမကျူးလွန်ဟု မုချမဆိုနိုင်သော်လည်း ကျူးလွန်ရန်လွန်စွာ အကြောင်းရှိတန်သည်မဟုတ်လျှင် အဆိုပါနေရာ၌ A ရောက်ရှိနေခြင်းသည် စပ်ဆိုင်သည်။

(ခ) ပြဿနာမှာ A သည်ပြစ်မှုတစ်ခုကို ကျူးလွန် မကျူးလွန်ဖြစ်သည်။

သက်ဆိုင်သော အခြေအနေများအရ A၊ B၊ C၊ D၊ တို့အနက် တစ်ဦးဦးကပြစ်မှုကျူးလွန်ခြင်းဖြစ်ရမည်။ အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ ပြစ်မှုကျူးလွန်ခြင်း မဟုတ်နိုင်ကြောင်းနှင့် B၊ C၊ D၊ တို့ကျူးလွန်ခြင်းလည်း မဟုတ်ကြောင်းဖော်ပြသော အချက်အားလုံးသည်စပ်ဆိုင်သည်။

နစ်နာကြေးရရန်စွဲဆိုသောတရားမမှုများတွင်နစ်နာကြေးငွေအရေအတွက်ကိုတရားရုံးကသတ်မှတ်