စာတမ်းအမှတ်အသားတစ်ခုပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ နှုတ်ဖြင့်ဝန်ခံချက်များသည်နောက် လာမည့်ပြဋ္ဌာန်းချက်များအရ အဆိုပါစာတမ်းအမှတ်အသားပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ ဒုတိယ အဆင့်သက်သေခံချက်တင်ပြနိုင်ခွင့်ရှိသည့်ကိစ္စ သို့မဟုတ် တင်ပြထားသော စာတမ်းအမှတ်အသားသည် အစစ်အမှန် ဟုတ် မဟုတ် အငြင်းပွားနေသည့်ကိစ္စများမှတစ်ပါး အမှု၌မစပ်ဆိုင်ချေ။