အခြားနည်းအားဖြင့် စပ်ဆိုင်မှုမရှိသောအကြောင်းခြင်းရာများသည် ဆက်စပ်မှုရှိသောကျွမ်းကျင် သူတို့၏ထင်မြင်ချက်များကို ထောက်ခံလျှင်ဖြစ်စေ၊ မညီမညွတ်ဖြစ်လျှင်ဖြစ်စေ ထိုထင်မြင်ချက်များ သည် စပ်ဆိုင်သည်။
ဥပမာများ
(က) ပြဿနာမှာ A သည်တစ်စုံတစ်ခုသောအဆိပ်ဖြင့် အဆိပ်မိခြင်း ဟုတ် မဟုတ်ဖြစ်သည်။
ထိုအဆိပ်မျိုးဖြင့် အဆိပ်မိသောအခြားသူများ၌ အချို့သော လက္ခဏာများဖြစ်ပေါ်လာ၍ ကျွမ်းကျင်သူတို့ ကလည်း ထိုလက္ခဏာများသည် ထိုအဆိပ်မျိုးမှရရှိသောလက္ခဏာများဖြစ်သည်ဟု ထောက်ခံအတည်ပြု ခြင်း သို့မဟုတ် ငြင်းဆိုခြင်းသည်စပ်ဆိုင်သည်။
(ခ) ပြဿနာမှာ သင်္ဘောဆိပ်ကမ်းတစ်ခု ပိတ်ဆို့ခြင်းသည်တစ်စုံတစ်ခုသော ရေကာတာကြောင့်ဟုတ်မဟုတ်ဖြစ်သည်။
အဆိုပါ ရေကာတာမျိုးမရှိသည်မှအပ အခြားအကြောင်းခြင်းရာများ၌ တည်ရှိပုံအနေအထားချင်း တူညီသော အခြားဆိပ်ကမ်းများ၌တစ်ချိန်တည်းလောက်တွင် ထိုသို့ ရေကာတာများမရှိသော်လည်း ပိတ်ဆို့စပြုလျက်ရှိသည်ဆိုသော အချက်သည်စပ်ဆိုင်သည်။