ဝန်ခံချက် ဆိုသည်ကို အဓိပ္ပါယ်ဖော်ပြခြင်း
ဝန်ခံချက်ဆိုသည်မှာ အငြင်းဖြစ်သည့် အကြောင်းခြင်းရာ သို့မဟုတ် စပ်ဆိုင်သောအကြောင်း ခြင်းရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ခုသော အဓိပ္ပာယ်ကောက်ယူနိုင်ရန်နောက်လာမည့် ပြဋ္ဌာန်း ချက်များတွင် ဖော်ပြထားသည့်အခြေအနေများ၌ ဖော်ပြထားသူတစ်ဦးဦးက နှုတ်ဖြင့်ဖြစ်စေ၊စာတမ်းအမှတ်အသားဖြင့် ဖြစ်စေ တင်ပြသောထွက်ဆိုချက်ကိုဆိုသည်။