ပုဒ်မ ၄၁
ပုဒ်မ ၄၁
သေတမ်းစာအတည်ပြုလက်မှတ်စသည်များနှင့်စပ်လျဉ်း၍စီရင်ပိုင်ခွင့်ရှိသော တရားရုံးကချမှတ် သောစီရင်ချက်များစပ်ဆိုင်ခြင်း။

သေတမ်းစာအတည်ပြုရန်အမှု၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအမှု၊ ရေကြောင်းဆိုင်ရာအမှု၊ လူမွဲ အဖြစ်ခံယူသည့်အမှုများကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးက သက်ဆိုင်ရာစီရင်ပိုင်ခွင့်ကိုကျင့်သုံးလျက် ချမှတ်သော အပြီးသတ်စီရင်ချက်အမိန့် သို့မဟုတ်ဒီကရီသည်တစ်ဦးတစ်ယောက်သောသူအား ဥပဒေ ဆိုင်ရာ အနေအထားတစ်ရပ်ရပ်ကိုအပ်နှင်းသော သို့မဟုတ် တစ်ဦးတစ်ယောက်သောသူထံမှ ဥပဒေ ဆိုင်ရာအနေအထားတစ်ရပ်ရပ်ကို ရုပ်သိမ်းသော သို့မဟုတ် တစ်ဦးတစ်ယောက်သောသူမှာ မည် သို့သော ဥပဒေဆိုင်ရာ အနေအထားကိုရပိုင်ခွင့်ရှိကြောင်း သို့မဟုတ် တစ်ဦးတစ်ယောက်သောသူမှာ သီးခြားသတ်မှတ်ထားသည့် အရာဝတ္ထုတစ်ခုခုကိုရပိုင်ခွင့်ရှိကြောင်းအများသိရှိစေရန် ကြေညာပြဋ္ဌာန်း သောစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီဖြစ်ပါက ထိုသူ၌ အဆိုပါဥပဒေဆိုင်ရာအနေအထားရှိခြင်းမှာ သို့မဟုတ် ထိုသူက အဆိုပါအရာဝတ္ထုကိုပိုင်ဆိုင်ခွင့်ရှိခြင်းတို့စပ်ဆိုင်သည့်အခါ အဆိုပါ အပြီးသတ်စီ ရင်ချက် အမိန့် သို့မဟုတ် ဒီကရီသည် အမှု၌စပ်ဆိုင်သည်။

အဆိုပါစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီသည် အောက်ပါကိစ္စများ၌အပြီးသတ် သက်သေခံချက်ဖြစ်သည်-

အဆိုပါစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီအတည်ဖြစ်သည့်အချိန်တွင်ယင်းသို့အပ်နှင်းသော ဥပဒေဆိုင် ရာအနေအထားပေါ်ပေါက်သည်ဆိုသည့် ကိစ္စ၊

အဆိုပါစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီ၌ ဥပဒေဆိုင်ရာအနေအထားတစ်စုံတစ်ရာကို ထိုသူရပိုင်ခွင့်ရှိကြောင်း ကြေငြာပြဋ္ဌာန်းသည့်အချိန်တွင် ထိုသူအတွက်ယင်းသို့ ကြော်ငြာပြဋ္ဌာန်းသည့်ဥပဒေဆိုင်ရာ အနေအထားပေါ်ပေါက်သည်ဆိုသည့်ကိစ္စ၊

အဆိုပါစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီ၌ ထိုသူထံမှ ရုပ်သိမ်းသော ဥပဒေဆိုင်ရာအနေအထား တစ်စုံ တစ်ရာရပ်စဲပြီးဖြစ်ကြောင်း သို့မဟုတ် ရပ်စဲရမည်ဖြစ်ကြောင်း ကြေညာပြဋ္ဌာန်းသည့်အချိန်မှစ၍ ယင်း ဥပဒေဆိုင်ရာ အနေအထားသည် ထိုသူထံ၌ ရပ်စဲသွားသည်ဆိုသည့်ကိစ္စ၊

အဆိုပါစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီ၌ ထိုသူပိုင်ဆိုင်ခွင့်ရှိကြောင်း ကြေညာထားသောအရာဝတ္ထုတစ်စုံတစ်ရာကို ထိုသူပိုင်ဆိုင်ပြီးဖြစ်ကြောင်း သို့မဟုတ် ပိုင်ဆိုင်ရမည်ဖြစ်ကြောင်း ကြေညာပြဋ္ဌာန်း သည့်အချိန်မှစ၍ အဆိုပါ အရာဝတ္ထုကို ထိုသူပိုင်ဆိုင်သည်ဆိုသည့်ကိစ္စ။