ဆိုခဲ့သော ဖြောင့်ချက်တစ်ခုသည်အခြားနည်း၌စပ်ဆိုင်လျှင် ဖြောင့်ချက်ကို လျှို့ဝှက်ထားမည်ဟု ကတိပြုခြင်းကြောင့်ဖြစ်စေ၊ တရားခံကို လိမ်လည်လှည့်ဖြားခြင်းကြောင့်ဖြစ်စေ၊ တရားခံမှာ အရက်သေစာ သောက်စားမူးယစ်ခြင်းကြောင့်ဖြစ်စေ ဖြောင့်ချက်ပေးရသည်ဆိုသောကိစ္စ၊ မည်သည့်မေးခွန်းမျိုးဖြင့် မေးသည်ဖြစ်စေ၊ ထိုမေးခွန်းကို ဖြေဆိုရန်မလိုဘဲလျက်ဖြေဆိုရာ၌ ဖြောင့်ချက်ပေးရသည်ဆိုသောကိစ္စ၊ ဖြောင့်ချက်ပေးရန်တာဝန်မရှိကြောင်း၊ ဖြောင့်ချက်ပေးလျှင်လည်း ယင်းဖြောင့်ချက်ကို ထိုသူအပေါ် သက်သေထင်ရှားတင်ပြနိုင်ကြောင်း သတိမပေးသဖြင့် ဖြောင့်ချက်ပေးရသည်ဆိုသောကိစ္စ စသည့်တစ်ခုခုကြောင့်အဆိုပါဖြောင့်ချက်ကို မစပ်ဆိုင်ဟုမဖြစ်စေရ။