တရားမမှုများတွင် လူတစ်ဦးတစ်ယောက်ရထိုက်သော နစ်နာကြေးကိုသတ်မှတ်ရာ၌ ထိုသူ၏ အကျင့်စာရိတ္တကို ထည့်သွင်းစဉ်းစားထိုက်သည်ဟူသောအချက်သည်စပ်ဆိုင်သည်။
ရှင်းလင်းချက်။ ပုဒ်မ ၅၂၊ ၅၃၊ ၅၄ နှင့် ၅၅ တို့၌ “အကျင့်စာရိတ္တ” ဆိုသော စကားရပ်တွင် ကျော်စော သတင်းနှင့် စိတ်နေသဘောထား နှစ်ရပ်လုံးပါဝင်သည်။ သို့ရာတွင် ပုဒ်မ ၅၄ တွင်ပြဋ္ဌာန်းထားသည့် အတိုင်းမှတစ်ပါး ကျော်စောသတင်းနှင့်စိတ်နေသဘောထားတို့ကို သက်သေခံတင်ပြရာ၌ယေဘုယျအား ဖြင့်သာတင်ပြနိုင်သည်။ ကျော်စောသတင်း သို့မဟုတ် စိတ်နေသဘောထားကိုဖော်ပြရန်အတွက်ပြုလုပ် မှုများကို တစ်ခုစီသက်သေခံတင်ပြရန် မလိုချေ။