ပုဒ်မ ၄၀
ပုဒ်မ ၄၀
တရားရုံး၏ စီရင်ချက်များသည် မည်သည့်အခါ စပ်ဆိုင်ရခြင်း

ယခင်စီရင်ချက်များသည် ဒုတိယအကြိမ်တရားမမှု သို့မဟုတ် ပြစ်မှုကိုတားမြစ်ပိတ်ပင်ရန်အတွက် စပ်ဆိုင်ခြင်း။

တရားရုံးတစ်ခုခုက တရားမမှုတစ်မှုကိုလက်ခံအရေးယူရန် သို့မဟုတ်ပြစ်မှုကိုစစ်ဆေးစီရင်ရန် သင့်သည်မသင့်သည်နှင့် စပ်လျဉ်း၍ ပြဿနာပေါ်ပေါက်သည့်အခါ အဆိုပါတရားမမှုကို လက်ခံအရေး ယူခြင်းမပြုရန် သို့မဟုတ် အဆိုပါပြစ်မှုကို စစ်ဆေးစီရင်ခြင်းမပြုရန် ထိုတရားရုံးအားတရားဥပဒေအရ တားမြစ်သည့်စီရင်ချက်၊ အမိန့်၊ သို့မဟုတ် ဒီကရီရရှိနေခြင်းသည် အမှု၌ စပ်ဆိုင်သောအကြောင်းခြင်းရာ ဖြစ်သည်။