ပုဒ်မ ၂၇
ပုဒ်မ ၂၇
တရားခံထံကရရှိသည့်သတင်းများအနက် မည်မျှကိုသက်သေခံတင်ပြနိုင်ခြင်း

သို့ရာတွင် ပြစ်မှုတစ်ခုခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရ၍ ရဲအရာရှိ၏ အချုပ်တွင်ရှိနေသူ တစ်ဦးဦးထံက ရရှိသည့်သတင်းအရ၊ အကြောင်းခြင်းရာတစ်ခုကို တွေ့ရှိလျှင်တရားခံ၏ သတင်းပေး ချက်များအနက် ထိုတွေ့ရှိရသော အကြောင်းခြင်းရာအား တိတိကျကျဖော်ပြသည့်သတင်းပေးချက်ကို ဖြောင့်ချက်ဟုတ် သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှု၌သက်သေထင်ရှားတင်ပြနိုင်သည်။