ယေဘုယျဓလေ့ထုံးတမ်း သို့မဟုတ် အခွင့်အရေးတစ်ခုခု အမှန်ရှိမရှိနှင့်စပ်လျဉ်း၍တရားရုံးကဆင် ခြင်သုံးသပ်ရန်ရှိသည့်အခါ အဆိုပါဓလေ့ထုံးတမ်း သို့မဟုတ် အခွင့်အရေးရှိခဲ့လျှင် ထိုသို့ရှိခဲ့ကြောင်းကို သိနိုင်ဖွယ်ရာရှိသောသူများက ထိုဓလေ့ထုံးတမ်းသို့မဟုတ် အခွင့်အရေးရှိမရှိနှင့် စပ်လျဉ်း၍ ပေးသော ထင်မြင်ချက်များသည်စပ်ဆိုင်သည်။
ရှင်းလင်းချက် ။ “ယေဘုယျဓလေ့ထုံးတမ်းသို့မဟုတ် အခွင့်အရေး” ဆိုသည့်စကားရပ်တွင် အတော် အတန်များပြားသော လူအတန်းအစား၊ အစုအဝေးတစ်ခုခုနှင့်သက်ဆိုင်သည့် ဓလေ့ထုံးတမ်း သို့မဟုတ် အခွင့်အရေးများပါဝင်သည်။
ဥပမာ
တစ်စုံတစ်ခုသော ကျေးရွာရှိ ရွာသူရွာသားများက တစ်စုံတစ်ခုသောရေတွင်းမှ ရေကိုသုံးစွဲနိုင်သော အခွင့်အရေးသည် ဤပုဒ်မ၏ အဓိပ္ပာယ်အရ ယေဘုယျသက်ဆိုင်သော အခွင့်အရေးဖြစ်သည်။