ပုဒ်မ ၁၆
ပုဒ်မ ၁၆
လုပ်ရိုးလုပ်စဉ်ရှိခြင်းသည်မည်သည့်အခါတွင်စပ်ဆိုင်ခြင်း

တစ်စုံတစ်ခုသောပြုလုပ်မှုကို ပြုခဲ့ခြင်းဟုတ်မဟုတ် ဟူသောပြဿနာပေါ်ပေါက်သည့်အခါ လုပ်ရိုး လုပ်စဉ်အလုပ်တစ်ခုကိုပြုလုပ်ရာ၌ သဘာဝအတိုင်းဆိုလျှင်အဆိုပါ ပြုလုပ်မှုကို ပြုလုပ်ခဲ့မည်ဖြစ်ပါက ထိုလုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုရှိသည်ဆိုခြင်းသည် အမှု၌စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

ဥပမာများ

(က) ပြဿနာမှာ သက်ဆိုင်ရာစာတစ်စောင်ကို ပို့ မပို့ဖြစ်သည်။

နေရာတစ်နေရာတွင် ထည့်သည့်စာအားလုံးကို စာတိုက်သို့ပို့ရမြဲလုပ်ရိုးလုပ်စဉ်ရှိခြင်း၊ ထိုစာကို အဆိုပါ နေရာတွင်ထည့်ခြင်းတို့သည် စပ်ဆိုင်သည်။

(ခ) ပြဿနာမှာ သက်ဆိုင်ရာစာတစ်စောင်သည် A ထံသို့ရောက်မရောက်ဖြစ်သည်။

ထိုစာကို လုပ်ရိုးလုပ်စဉ်အတိုင်းစာတိုက်တွင် ထည့်လိုက်ကြောင်း၊ လူရှာမတွေ့ဟု စာသေရုံးမှ ထိုစာပြန်လည်ရောက်ရှိခြင်းမရှိဆိုသော အချက်များတို့သည် စပ်ဆိုင်သည်။