စပ်ဆိုင်သောအကြောင်းခြင်းရာများ သို့မဟုတ် အငြင်းဖြစ်သည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဖြစ်ပွားသည့် အခါတွင်၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြစ်ပွားရသည့် အကြောင်းတရား သို့မ ဟုတ် အကျိုးတရားသည်လည်းကောင်း၊ ဆိုခဲ့သည့်အကြောင်းခြင်းရာများဖြစ်ပွားစဉ်က အခြေအနေတို့ သည်လည်းကောင်း၊ ဆိုခဲ့သည့်အကြောင်းခြင်းရာများ ဖြစ်ပွားပေါ်ပေါက်စေသည့်အခွင့်အလမ်းများ သည်လည်းကောင်း အမှု၌စပ်ဆိုင်သော အကြောင်းအခြင်းရာများဖြစ်သည်။
ဥပမာများ
(က) ပြဿနာမှာ B က A ကို လုယက်ခြင်း ပြုမပြုဖြစ်သည်။ ထိုလုယက်မှု မဖြစ်ပွားမီ အချိန်အနည်းငယ် အတွင်း B သည်ငွေကိုကိုင်ဆောင်လျက် စျေးသို့သွားခြင်း၊ အခြားသူများအား ထိုငွေကို ထုတ်ပြခြင်း သို့မ ဟုတ် ငွေပါသည်ဟု ပြောပြခြင်းတို့မှာ စပ်ဆိုင်သည်။
(ခ) ပြဿနာမှာ A က B ကို သတ် မသတ်ဖြစ်သည်။ လူသတ်မှု ကျူးလွန်သည့် နေရာတွင်ဖြစ်စေ၊ ထို နေရာအနီးအနားတွင်ဖြစ်စေ၊ ထွေးလုံးကြောင်းမြေကြီးပေါ်၌ အမှတ်ထင်ရာများသည် စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ်သည်။
(ဂ) ပြဿနာမှာ A က B ကို အဆိပ်ခတ် မခတ်ဖြစ်သည်။ အဆိပ်ကြောင့် ဖြစ်ပွားသည့်လက္ခဏာများ မပေါ်မီက B ၏ကျန်းမာရေးအခြေအနေသည်လည်းကောင်း၊ A သိရှိထားသဖြင့်၊ အဆိပ်ခတ်ရန်အခွင့် အလမ်းရှိစေသော B ၏အမူအကျင့်များသည်လည်းကောင်း စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ် သည်။