တရားမမှုများတွင်စွပ်စွဲထားသော အပြုအမူအတွက်သက်သေခံချက်အဖြစ် အကျင့်စာရိတ္တသည် မစပ်ဆိုင်ခြင်း။
တရားမမှုများတွင် သက်ဆိုင်သူတစ်ဦးတစ်ယောက်က တစ်စုံတစ်ခုပြုသည်ဟု စွပ်စွဲထားသည့် အခါ ထိုသူ၏အကျင့်စာရိတ္တ ကိုထောက်ချင့်၍ ထိုအမှုကို ထိုသူပြုသည်ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ်ရှိ မရှိ ဆိုသည့်အချက်သည် မစပ်ဆိုင်ချေ။ သို့ရာတွင် အမှု၌ ပေါ်ပေါက်သော အကြောင်းအချက်များအရအဆို ပါအကျင့်စာရိတ္တသည် အခြားနည်းအားဖြင့် စပ်ဆိုင်သော အချက်ဖြစ်နေသည့်အခါ အဆိုပါအချက်သည် စပ်ဆိုင်သည်။