တရားမမှုများတွင် ဝန်ခံချက်နှင့်စပ်လျဉ်း၍ သက်သေခံချက်တင်ပြခြင်းမပြုရဟူသော စည်းကမ်း ချက်အတိအလင်းသတ်မှတ်၍ ပြုလုပ်ခြင်းဖြစ်လျှင် သို့မဟုတ် သက်သေခံချက်တင်ပြခြင်းမပြုရန် နှစ်ဘက်သောအမှုသည်များသဘောတူညီကြသည်ဟု တရားရုံးက အဆိုပါဝန်ခံချက်ပြုလုပ်စဉ်က ရှိနေ သော အခြေအနေများကိုထောက်၍ အဓိပ္ပာယ်ကောက်ယူနိုင်လျှင် ထိုဝန်ခံချက်သည်အမှုနှင့်မစပ်ဆိုင်ချေ။
ရှင်းလင်းချက် ။ ။ ဤပုဒ်မပါ မည်သည့်အချက်ကမျှရှေ့နေတစ်ဦးဦးမှာ ပုဒ်မ ၁၂၆ အရသက်သေမခံဘဲ မနေရသော အကြောင်းကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ သက်သေခံချက်တင်ပြရခြင်းမှ ကင်းလွတ်ခွင့်ရရှိသည်ဟု မကောက်ယူရ။