တစ်ဦးတစ်ယောက်သောသူက ရဲအရာရှိ၏အချုပ်တွင်ရှိစဉ် အတွင်းပေးသည့်ဖြောင့်ချက်သည် ရာဇဝတ်တရားသူကြီး၏ရှေ့မှောက်တွင် ပေးသည့်ဖြောင့်ချက်မဟုတ်လျှင် အဆိုပါဖြောင့်ချက်ကို ထိုသူ အပေါ်၌သက်သေထင်ရှားတင်ပြခြင်းမပြုရ။
ရှင်းလင်းချက် ။ ။ ဤပုဒ်မ၌ ရာဇဝတ်တရားသူကြီးဆိုသည့် စကားရပ်တွင် ရာဇဝတ်တရားသူကြီး၏အလုပ်ဝတ္တရားများကို ဆောင်ရွက်နေသော်လည်းရာဇဝတ်ကျင့်ထုံးကိုဓဥပဒေအရ၊ ရာဇဝတ်တရားသူ ကြီး၏အာဏာများကို သုံးစွဲနေသောရာဇဝတ်တရားသူကြီး မဟုတ်သည့် ရွာသူကြီးမပါဝင်ချေ။