ပုဒ်မ ၁၃
ပုဒ်မ ၁၃
အခွင့်အရေး သို့မဟုတ် ဓလေ့ထုံးတမ်းရှိမရှိဟူသောပြဿနာပေါ်ပေါက်သည့်အခါစပ်ဆိုင်သော အကြောင်းခြင်းရာများ။

တစ်စုံတစ်ခုသော အခွင့်အရေး သို့မဟုတ် ဓလေ့ထုံးတမ်းရှိမရှိဟူသော ပြဿနာတွင် အောက်ပါ အကြောင်းခြင်းရာများသည် စပ်ဆိုင်သည်-

(က) အဆိုပါ အခွင့်အရေးကိုဖြစ်စေ၊ ဓလေ့ထုံးတမ်းကိုဖြစ်စေ၊ ဖြစ်ပေါ်စေခြင်း၊ တောင်းဆိုခြင်း၊ပြင် ဆင်ခြင်း၊ အသိအမှတ်ပြုခြင်း၊ ထောက်ခံခြင်း သို့မဟုတ်ငြင်းပယ်ခြင်းပြုသောကိစ္စ သို့မဟုတ် အဆိုပါ အခွင့်အရေး၊ ဓလေ့ထုံးတမ်းတို့ရှိသည်ဆိုခြင်းနှင့် မညီညွတ်သောကိစ္စ၊

(ခ) အဆိုပါ အခွင့်အရေးကိုဖြစ်စေ၊ ဓလေ့ထုံးတမ်းကိုဖြစ်စေ၊ တောင်းဆိုခြင်း၊ အသိအမှတ်ပြုခြင်းသို့မဟုတ် လိုက်နာကျင့်သုံးခြင်းပြုသည့် တသီးတခြားအဖြစ်အပျက်များ သို့မဟုတ် ထိုသို့လိုက်နာကျင့် သုံးရန် အငြင်းပွားခြင်း၊ ထောက်ခံခြင်း သို့မဟုတ် ခွဲထွက်ခြင်းပြုသည့်တသီးတခြားအဖြစ်အပျက်များ။

ဥပမာ

ပြဿနာမှာ A သည် အင်းတစ်ခုတွင် အခွင့်အရေးရှိ မရှိဖြစ်သည်။

A ၏မိဘဘိုးဘွားများသို့ အင်းကိုအပိုင်ပေးသော စာချုပ်သည် လည်းကောင်း၊ A ၏ဖခင်က အင်းကို ပေါင်နှံထားသည့်စာချုပ်သည်လည်းကောင်း၊ ထိုနောက်တွင် အဆိုပါ အပေါင်နှင့်ဆန့်ကျင်လျက် A ၏ဖခင်က အင်းကိုလွှဲပြောင်းပေးခြင်း၊ A ၏ ဖခင်ကအဆိုပါအခွင့်အရေးကို အသုံးပြုခဲ့သည့်သီးခြား အဖြစ်အပျက်များနှင့်ထိုသို့အသုံးပြုသည်ကိုအနီးအနားတွင်နေထိုင်သူများက တားမြစ်ခဲ့သည့် သီးခြား အဖြစ်အပျက်များတို့သည်လည်းကောင်း စပ်ဆိုင်သော အ​ကြောင်းခြင်းရာများဖြစ်သည်။