ပုဒ်မ ၁၉၃
မမှန်သက်သေခံခြင်းအတွက် ပြစ်ဒဏ်
ပုဒ်မ ၁၉၄
သေဒဏ်ထိုက်သော ပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရအောင်ကြံရွယ်၍ မမှန်သက်သေခံခြင်းသို့မဟုတ် မမှန်သက်သေခံ ဖန်တီးခြင်း
ပုဒ်မ ၁၉၅
ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ စီရင်ခြင်းခံရအောင်ကြံရွယ်၍ မမှန်သက်သေခံခြင်း သို့မဟုတ် မမှန်သက်သေခံကို ဖန်တီးခြင်း
ပုဒ်မ ၁၉၆
မမှန်ဟုသိသော သက်သေခံချက်ကို အသုံးပြုခြင်း
ပုဒ်မ ၁၉၇
မမှန်သောအထောက် အထားလက်မှတ်ကို ထုတ်ပေးခြင်း သို့မဟုတ် လက်မှတ်ရေးထိုးခြင်း
ပုဒ်မ ၁၉၈
မမှန်ကြောင်းသိသော အထောက်အထား လက်မှတ်ကို အမှန် အဖြစ်ဖြင့် အသုံးပြုခြင်း
ပုဒ်မ ၁၉၉
သက်သေခံအဖြစ်ဖြင့် ဥပဒေအရ လက်ခံနိုင်သော ကြေညာချက်တွင် မမှန်ဖော်ပြခြင်း
ပုဒ် ၂၀၀
ဆိုခဲ့သောကြေညာချက်သည် မမှန်ဟုသိလျက်နှင့် အမှန်အဖြစ်ဖြင့် အသုံးပြုခြင်း
ပုဒ်မ ၂၀၁
ပြစ်မှုကျူးလွန်သူကို ကာကွယ်ရန်အလို့ငှာ သက်သေခံကို ပျောက်ပျက်စေခြင်း သို့မဟုတ် မမှန်သတင်း ပေးခြင်း
ပုဒ်မ ၂၀၂
ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးရန်တာဝန်ရှိသူက သတင်းမပေးဘဲတမင်ပျက်ကွက်ခြင်း
ပုဒ်မ ၂၀၃
ကျူးလွန်ပြီးသော ပြစ်မှုနှင့်စပ်လျဉ်း၍ မမှန်သတင်းပေးခြင်း
ပုဒ်မ၂၀၄
သက်သေခံအဖြစ် မတင်ပြနိုင်အောင် စာတမ်းအမှတ်အသားကို ဖျက်ဆီးခြင်း
ပုဒ်မ ၂၀၅
တရားမမှု သို့မဟုတ် ရာဇဝတ်မှုတွင် ပြုလုပ်မှုအတွက်ဖြစ်စေ၊ မှုခင်းဆိုင်ရာ ဆောင်ရွက်ချက် အတွက် ဖြစ်စေ မမှန်မကန် သူတစ်ပါးအယောင်ဆောင်ခြင်း
ပုဒ်မ ၂၀၆
အစိုးရဘဏ္ဍာအဖြစ်ဖြင့်ဖြစ်စေ၊ ဇာရီပြုရာ၌ဖြစ်စေ ပစ္စည်းကို မသိမ်းယူနိုင်အောင်လိမ်လည်လှည့်ဖြား လိုသော သဘောနှင့်ဖယ်ရှားခြင်း၊ ဝှက်ထားခြင်း
ပုဒ်မ ၂၀၇
အစိုးရဘဏ္ဍာအဖြစ်ဖြင့်ဖြစ်စေ၊ ဇာရီပြုရာ၌ဖြစ်စေ ပစ္စည်းကို မသိမ်းယူနိုင်အောင် လိမ်လည်လှည့်ဖြား လိုသော သဘောနှင့် တောင်းဆိုခြင်း
ပုဒ်မ ၂၀၈
ပေးဆပ်ရန်မရှိသောကြွေးမြီအတွက် လိမ်လည်လှည့်ဖြားလိုသော သဘောနှင့် ဒီကရီအချခံခြင်း
ပုဒ်မ ၂၀၉
မရိုးမဖြောင့်သောသဘောနှင့် တရားရုံးတွင် မမှန်သောတောင်းဆိုချက်ပြုခြင်း
ပုဒ်မ ၂၁၀
မရထိုက်သောငွေအတွက် လိမ်လည်လှည့်ဖြားလိုသော သဘောနှင့်ဒီကရီရယူခြင်း
ပုဒ်မ ၂၁၁
နစ်နာစေရန်အကြံနှင့် ပြစ်မှုကျူးလွန်သည်ဟု မမှန်စွပ်စွဲခြင်း
ပုဒ်မ ၂၁၂
ပြစ်မှုကျူးလွန်သူကို လက်သင့်ခံခြင်း
ပုဒ်မ ၂၁၃
ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်စီရင်ခြင်းမှ ကာကွယ်ရန် လက်ဆောင်စသည်တို့ကိုယူခြင်း
ပုဒ်မ ၂၁၄
ပြစ်မှုကျူးလွန်သူကိုကာကွယ်ခြင်းအတွက် လက်ဆောင်ပေးခြင်း သို့မဟုတ် ပစ္စည်းပြန်အပ်ခြင်း
ပုဒ်မ ၂၁၅
ခိုးရာပါပစ္စည်း စသည်တို့ကို ပြန်ရစေရန်ကူညီသည့်အတွက် လက်ဆောင်ယူခြင်း
ပုဒ်မ ၂၁၆
အချုပ်မှ လွတ်ပြေးသော ပြစ်မှုကျူးလွန်သူကိုဖြစ်စေ၊ ဖမ်းဆီးရန် အမိန့်ချမှတ်ခြင်းခံရသောပြစ်မှု ကျူးလွန်သူကိုဖြစ်စေ လက်သင့်ခံခြင်း
ပုဒ်မ ၂၁၆-က
လုယက်သူများကိုဖြစ်စေ၊ ဓားပြများကိုဖြစ်စေ လက်သင့်ခံခြင်းအတွက်ပြစ်ဒဏ်
ပုဒ်မ ၂၁၇
သူတစ်ဦးဦးအား ပြစ်ဒဏ်မှ ကယ်ဆယ်ရန် အကြံဖြင့်သော်လည်းကောင်း၊ ပစ္စည်းကို သိမ်းယူခြင်းမှ ကင်းလွတ်ရန် အကြံဖြင့်သော်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းက ဥပဒေညွှန်ကြားချက်ကို မလိုက်နာခြင်း
ပုဒ်မ ၂၁၈
သူတစ်ဦးအားပြစ်ဒဏ်မှ ကယ်ဆယ်ရန် အကြံဖြင့် သို့မဟုတ် ပစ္စည်းကို သိမ်းယူခြင်းမှ ကင်းလွတ်ရန် အကြံဖြင့်ပြည်သူ့ဝန်ထမ်းက မှားယွင်းသောမှတ်တမ်းကိုဖြစ်စေ၊ ရေးသားချက်ကို ဖြစ်စေပြုခြင်း
ပုဒ်မ ၂၁၉
တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်ဆန့်ကျင်၍ အစီရင်ခံချက် စသည် တို့ကို တရားမဲ့စွာပြုခြင်း
ပုဒ်မ ၂၂၀
အာဏာရရှိသူက ဥပဒေနှင့် ဆန့်ကျင်၍ မိမိဆောင်ရွက်နေကြောင်းသိလျက်နှင့် စစ်ဆေးစီရင်စေရန် လွှဲအပ်တင်ပို့ခြင်း သို့မဟုတ် ချုပ်နှောင်ထားခြင်း
ပုဒ်မ ၂၂၁
ဖမ်းဆီးရန် တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းက မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း
ပုဒ်မ ၂၂၂
ပြစ်ဒဏ်ချမှတ်ခြင်းခံရသူကို သို့မဟုတ် ချုပ်နှောင်ထားရန် ဥပဒေနှင့်အညီ အမိန့်ချခံရသူကိုဖမ်းဆီးရန် တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းက မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း
ပုဒ်မ ၂၂၃
ပြည်သူ့ဝန်ထမ်း၏ ပေါ့လျော့မှုကြောင့် အချုပ်မှ လွတ်ပြေးခြင်း
ပုဒ်မ ၂၂၄
မိမိအားဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို ခုခံခြင်း သို့မဟုတ် ဟန့်တားခြင်း
ပုဒ်မ ၂၂၅
အခြားသူတစ်ဦးဦးအား ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို ခုခံခြင်း သို့မဟုတ် ဟန့်တားခြင်း
ပုဒ်မ ၂၂၅-က
အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိသောအမှုများတွင် ပြည်သူ့ဝန်ထမ်းက ဖမ်းဆီးရန် ပျက်ကွက်ခြင်း သို့မဟုတ် အချုပ်မှ လွတ်ပြေးသည်ကို လျစ်လျူရှုခြင်း
ပုဒ်မ ၂၂၅-ခ
အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိသော အမှုများတွင် ဥပဒေနှင့်အညီဖမ်းဆီးသည်ကို ခုခံခြင်း သို့မဟုတ် ဟန့်တားခြင်း သို့မဟုတ် အချုပ်မှလွတ်ပြေးခြင်း သို့မဟုတ် ကယ်လွှတ်ခြင်း
ပုဒ်မ ၂၂၇
ပြစ်ဒဏ်မှ လျှော့ပေါ့ပေးစဉ်က ထားရှိသော စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်း
ပုဒ်မ ၂၂၈
တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ် ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကားခြင်း သို့မဟုတ် ဝင်ရောက်နှောင့်ယှက်ခြင်း
ပုဒ်မ ၂၂၉
ဂျူရီလူကြီး အယောင်ဆောင်ခြင်း