ပုဒ်မ ၂၁၈
ပုဒ်မ ၂၁၈
သူတစ်ဦးအားပြစ်ဒဏ်မှ ကယ်ဆယ်ရန် အကြံဖြင့် သို့မဟုတ် ပစ္စည်းကို သိမ်းယူခြင်းမှ ကင်းလွတ်ရန် အကြံဖြင့်ပြည်သူ့ဝန်ထမ်းက မှားယွင်းသောမှတ်တမ်းကိုဖြစ်စေ၊ ရေးသားချက်ကို ဖြစ်စေပြုခြင်း


အများပြည်သူကို သို့မဟုတ် သူတစ်ဦးဦးကို ဆုံးရှုံးစေရန်ဖြစ်စေ၊ နစ်နာစေရန်ဖြစ်စေ အကြံဖြင့် သော်လည်းကောင်း၊ ထိုသို့ဆုံးရှုံးစေတန်ရာသည်ကို သို့မဟုတ် နစ်နာစေတန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း၊ သူတစ်ဦးဦးကို ဥပဒေနှင့်အညီခံထိုက်သော ပြစ်ဒဏ်မှ ကယ်ဆယ်ရန် အကြံဖြင့် သော် လည်းကောင်း၊ ထိုသို့ကယ်ဆယ်တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ ပစ္စည်း တစ်ခုခုကို ဥပဒေအရ အစိုးရဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းမှ သို့မဟုတ် တာဝန်ရှိခြင်းမှ ကင်းလွတ်စေရန် အကြံဖြင့် သော်လည်းကောင်း၊ ထိုသို က့င်းလွတ် တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပြည်သူ့ဝန်ထမ်း လည်းဖြစ်၍ မှတ်တမ်းကိုဖြစ်စေ၊ အခြားရေးသားချက်ကိုဖြစ်စေ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့်ပြုရန် တာဝန်ရှိသည်လည်း ဖြစ်သောသူသည် မှားယွင်းသည်ဟု မိမိသိသောနည်းဖြင့် မှတ်တမ်းကိုဖြစ်စေ၊ ရေးသားချက်ကိုဖြစ်စေပြုလျှင် ထိုပြည်သူ့ဝန်ထမ်းကို သုံးနှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆင့်နိင်သည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံးက စစ်ဆေးနိုင်သည်။