ပုဒ်မ ၁၉၈
မမှန်ကြောင်းသိသော အထောက်အထား လက်မှတ်ကို အမှန် အဖြစ်ဖြင့် အသုံးပြုခြင်း
မည်သူမဆို အထောက်အထားလက်မှတ်တစ်ခု၌ အရေးပါသော အချက်တစ်ခုခုတွင် မမှန်ဟုသိလျက်နှင့် ထိုအထောက်အထားလက်မှတ်ကို အမှန်အဖြစ်ဖြင့် တရားမဲ့စွာ အသုံးပြုလျှင် သို့မဟုတ် ထိုသို့အသုံးပြုရန် အားထုတ်လျှင် ထိုသူကို မမှန်သက်သေခံသကဲ့သို့ ထပ်တူပြစ်ဒဏ် ချမှတ်ရမည်။
ကျင့်ထုံး
- ရဲအရေးမပိုင်။
- ကနဦးကပင် ဝရမ်းထုတ်ဆင့်နိုင်သည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။
Related Law