ပုဒ်မ ၂၁၇
ပုဒ်မ ၂၁၇
သူတစ်ဦးဦးအား ပြစ်ဒဏ်မှ ကယ်ဆယ်ရန် အကြံဖြင့်သော်လည်းကောင်း၊ ပစ္စည်းကို သိမ်းယူခြင်းမှ ကင်းလွတ်ရန် အကြံဖြင့်သော်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းက ဥပဒေညွှန်ကြားချက်ကို မလိုက်နာခြင်း

သူတစ်ဦးဦးကို ဥပဒေနှင့်အညီ ခံထိုက်သောပြစ်ဒဏ်မှ ကယ်ဆယ်ရန် အကြံဖြင့်သော် လည်းကောင်း၊ ထိုသို့ ကယ်ဆယ်တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ ထိုသူခံထိုက်သော ပြစ်ဒဏ်အောက် လျော့သော ပြစ်ဒဏ်ကို ထိုသူခံရစေရန် ကြံရွယ်ချက်ဖြင့်သော်လည်းကောင်း၊ ထိုသို့ ခံစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပစ္စည်းတစ်ခုခုကို ဥပဒေအရ အစိုးရဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းမှ သို့မဟုတ် တာဝန်ရှိခြင်းမှ ကင်းလွတ်စေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ ကင်းလွတ်စေတန်ရာ သည်ကို သိလျက်နှင့်သော်လည်းကောင်း ပြည်သူ့ဝန်ထမ်း ဖြစ်သောသူသည် ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ပြည်သူ့ဝန်ထမ်းလိုက်နာရမည့် ဥပဒေညွှန်ကြားချက်အရ ဆောင်ရွက်ရမည်ကို သိလျက်နှင့် ထိုဥပဒေ ညွှန်ကြားချက်ကို မလိုက်နာလျှင် ထိုပြည်သူ့ဝန်ထမ်းကို နှစ်နှစ်ထိ ​ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။