ပုဒ်မ ၁၉၃
ပုဒ်မ ၁၉၃
မမှန်သက်သေခံခြင်းအတွက် ပြစ်ဒဏ်

တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်တွင် မည်သည့်အဆင့်၌ဖြစ်စေ မည်သူမဆို တမင်မမှန်သက် သေခံလျှင် သို့မဟုတ် မည်သည့်အဆင့်၌ဖြစ်စေ သက်သေခံအဖြစ် အသုံးပြုရန် မမှန်သက်သေခံကို တမင်ဖန်တီးလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။

ထို့ပြင် အခြားကိစ္စတစ်ရပ်ရပ်တွင် တမင်မမှန်သက်သေခံလျှင် သို့မဟုတ် မမှန်သက်သေခံကို တမင်ဖန်တီးလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်။

ရှင်းလင်းချက် ၁ စစ်တရားရုံးတွင် စစ်ဆေးစီရင်သော မှုခင်းကိစ္စသည် တရားစီရင်ရေး ဆိုင်ရာ ဆောင်ရွက်ချက်ဖြစ်သည်။

ရှင်းလင်းချက် ၂ စစ်တရားရုံးတွင် စစ်ဆေးစီရင်သော မှုခင်းကိစ္စသည် တရားစီရင်ရေး ဆိုင်ရာ ဆောင်ရွက်ချက်ဖြစ်သည်။

ဥပမာ

Z ၏ အမှုကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသော ရုံးသို့ လွှဲသင့်မလွှဲသင့် သိသာအောင် တရားသူကြီးက စုံစမ်းရာတွင် A သည် ကျမ်းသစ္စာကျိန်ဆို၍ မမှန်သည်ကိုသိလျက်နှင့် မှန်သည်ဟု ထွက်ဆို၏။ အထက်ပါ စုံစမ်းခြင်းသည် တရားစီရင်ရေးဆိုင်ရာဆောင်ရွက်ချက်၏ အဆင့်တစ်ဆင့် ဖြစ်သောကြောင့် A သည် မမှန်သက်သေခံသည်မည်၏။

ရှင်းလင်းချက် ၃။ ဥပဒေအရ တရားရုံးက ညွှန်ကြား၍ တရားရုံးအမိန့်အရ ဆောင်ရွက်သော မေးမြန်းစုံထောက်ခြင်းသည် တရားရုံးတွင် မေးမြန်းစုံထောက်မှု ပြုခြင်းမဟုတ်သော်လည်း တရား စီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်၏ အဆင့်တစ်ဆင့်ဖြစ်သည်။

ဥပမာ

မြေကွက်တစ်ခု၏ နယ်နိမိတ်ကို ထိုနေရာတွင် အမှန်သိသာစေရန် တရားရုံးက လွှဲအပ်ခန့်ထားသော အရာရှိတစ်ဦးက စုံစမ်းရာတွင် A သည် ကျမ်းသစ္စာပြု၍ မမှန်သည်ကို သိလျက်နှင့် မှန်သည်ဟု ထွက်ဆို၏။ အထက်ပါ စုံစမ်းခြင်းသည် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်၏ အဆင့်တစ်ဆင့် ဖြစ်သောကြောင့် A သည် မမှန်သက်သေခံသည်မည်၏။



ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။
  6. ရာကျင့် ၁၉၅ (၁)(ခ) ကို လိုက်နာရသည်။