မည်သူမဆို ပုဒ်မ ၂၂၁၊ ၂၂၂၊ ၂၂၃ နှင့် တည်ဆဲ အခြားဥပဒေတစ်ရပ်ရပ်၌ ပြဋ္ဌာန်းထားခြင်း မရှိသော အမှုတွင် သူတစ်ဦးဦးကို ဖမ်းဆီးရန်ဖြစ်စေ၊ ချုပ်ထားရန်ဖြစ်စေ ဥပဒေ နှင့်အညီ တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းသည် ထိုသူကို ဖမ်းဆီးရန် ပျက်ကွက်လျှင် သို့မဟုတ် ထိုသူအချုပ်မှ လွတ်ပြေးသည်ကို လျစ်လျူရှုလျှင် ထိုပြည်သူ့ ဝန်ထမ်းကို အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်ရမည် -
(က) တမင်ပျက်ကွက်လျှင် သို့မဟုတ် တမင်လျစ်လျူရှုလျှင် သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင်
(ခ) ပေါ့လျော့မှုကြောင့် ပျက်ကွက်ခြင်းကိုလည်းကောင်း၊ လျစ်လျူရှုခြင်းကိုလည်းကောင်း ဖြစ်စေလျှင် နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။