ပုဒ်မ ၂၂၉
ပုဒ်မ ၂၂၉
ဂျူရီလူကြီး အယောင်ဆောင်ခြင်း

မည်သူမဆို ဥပဒေအရ ဂျူရီလူကြီးအဖြစ် ရေးမှတ်ခြင်း မိမိမခံထိုက်ဟု သို့မဟုတ် တင်မြှောက်ခြင်း မိမိမခံထိုက်ဟု သို့မဟုတ် ကျမ်းသစ္စာ မိမိမဆိုထိုက်ဟုသိသော အမှုတွင် ဂျူရီလူကြီးအယောင်​ဆောင်၍ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဂျူရီလူကြီးအဖြစ် ရေးမှတ်ခြင်းခံရစေရန် သို့မဟုတ် တင်မြှောက်ခြင်း ခံရစေရန် သို့မဟုတ် ကျမ်းသစ္စာဆိုနိုင်ရန် တမင်ပြုလျှင် သို့မဟုတ် သိလျက်နှင့် ထိုသို့အပြုခံလျှင် သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်၍ ဂျူရီလူကြီးအဖြစ် ရေးမှတ်ခြင်း မိမိခံရပြီးသည်ကို သို့မဟုတ် တင်မြှောက် ခြင်း မိမိခံရပြီးသည်ကို သို့မဟုတ် ကျမ်းသစ္စာ မိမိဆိုပြီးသည်ကိုသိလျက်နှင့် အဆိုပါဂျူရီလူကြီးအဖြစ်ဖြင့် မိမိအလိုအလျောက် ဆောင်ရွက်လျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး