ပုဒ်မ ၂၁၃
ပုဒ်မ ၂၁၃
ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်စီရင်ခြင်းမှ ကာကွယ်ရန် လက်ဆောင်စသည်တို့ကိုယူခြင်း

မည်သူမဆို မိမိကပြစ်မှုတစ်ခုခုကို ထိမ်ချန်ခြင်းအတွက်ဖြစ်စေ၊ ပြစ်မှုတစ်ခုခုအတွက် ဥပဒေနှင့် အညီ ချမှတ်ထိုက်သော ပြစ်ဒဏ်မှ သူတစ်ဦးကို ကာကွယ်ခြင်းအတွက်ဖြစ်စေ၊ သူတစ်ဦးကို ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခြင်းခံရစေရန် တရားစွဲဆိုမှုကို မပြုခြင်းအတွက်ဖြစ်စေ မိမိအတွက် သော်လည်းကောင်း၊ သူတစ်ပါးအတွက်သော်လည်းကောင်း တံစိုးလက်ဆောင်ကို လက်ခံလျှင် သို့မဟုတ် ရယူရန် အားထုတ်လျှင် သို့မဟုတ် လက်ခံရန် သဘောတူလျှင် သို့မဟုတ် မိမိသို့သော်လည်းကောင်း၊ သူတစ်ပါးသို့ သော်လည်းကောင်း ပစ္စည်းပြန်ပေးခြင်းကို လက်ခံလျှင် သို့မဟုတ် ရယူရန် အားထုတ်လျှင် သို့မဟုတ် လက်ခံရန် သဘောတူလျှင် ထိုသူကို-

သေဒဏ်ထိုက်သောပြစ်မှု ဖြစ်ပါက။

အဆိုပါ ပြစ်မှုသည် သေဒဏ်ထိုက်သောပြစ်မှုဖြစ်ပါက ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံထိုက်သော ပြစ်မှုဖြစ်ပါက။

ထို့ပြင် အဆိုပါပြစ်မှုသည် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ထိုက်သော ပြစ်မှုဖြစ်ပါက သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။ ထို့ပြင် အဆိုပါ ပြစ်မှုသည် ဆယ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ထိုက်သော ပြစ်မှုဖြစ်ပါက ထိုပြစ်မှုအတွက် အများဆုံး ပြဋ္ဌာန်းထားသော ကာလအပိုင်းအခြား၏ လေးပုံတစ်ပုံထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။



ကျင့်ထုံး
  1. ပထမအပိုဒ်၊ဒုတိယအပိုဒ်၊တတိယအပိုဒ်တို့ပါ ပြစ်မှုများအတွက် ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆင့် ဖမ်းဆီးနိုင်သည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ။
  5. ပထမအပိုဒ်ပါ သေဒဏ် ထိုက်သင့်သော ပြစ်မှုဖြစ်ပါက ခရိုင်တရားရုံး၊ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည်။တတိယအပိုဒ်ပါ ထောင်ဒဏ် ၁၀ နှစ်အောက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်ပါက ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိး၊စီရင်ပိုင်ခွင့်ရှိ တရားသူကြီးက စစ်ဆေးနိုင်သည်။