ပြစ်မှုတစ်ခုခုနှင့် စွဲဆိုခံရသူကိုဖြစ်စေ၊ ပြစ်မှုထင်ရှားစီရင်ခံရသူကိုဖြစ်စေ၊ အချုပ်တွင် ချထားရန် ဥပဒေနှင့်အညီ အမိန့်ချမှတ်ခံရသူကိုဖြစ်စေ ချုပ်ထားရန် ဥပဒေနှင့်အညီ တာဝန်ရှိသော ပြည်သူ့ ဝန်ထမ်း သည် မိမိ၏ပေါ့လျော့မှုဖြင့် ထိုအချုပ်ခံရသူကို အချုပ်မှလွတ်ပြေးစေလျှင် ထိုပြည်သူ့ဝန်ထမ်းကို အလုပ်မဲ့ နှင့် နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။