ပုဒ်မ ၂၁၅
ပုဒ်မ ၂၁၅
ခိုးရာပါပစ္စည်း စသည်တို့ကို ပြန်ရစေရန်ကူညီသည့်အတွက် လက်ဆောင်ယူခြင်း

မည်သူမဆို ဤရာဇသတ်ကြီးအရ ပြစ်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုတစ်ခုခုကို သူတစ်ဦးက ကျူးလွန်သဖြင့် ထိုသူမှာ ရွှေ့ပြောင်းနိုင်သောပစ္စည်း လက်လွတ်သည်ကို ပြန်ရစေရန် ထိုသူကို ကူညီ ဟန်ဆောင်၍ဖြစ်စေ၊ ကူညီသည့်အတွက်ဖြစ်စေ တံစိုးလက်ဆောင်ယူလျှင် သို့မဟုတ် ယူရန် သဘောတူ လျှင် အကယ်၍ ပြစ်မှုကျူးလွန်သူကို ထိုသူက ဖမ်းဆီးစေ၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရစေရန် စွမ်းဆောင် နိုင်သမျှ နည်းလမ်းအရပ်ရပ်ကို အသုံးမပြုပါက ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။



ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆင့်ဖမ်းဆီးနိုင်သည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။