မည်သူမဆို ပြစ်မှုကျူးလွန်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ ထိုပြစ်မှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီပေးရန် တာဝန်ရှိသော သတင်းကိုမပေးဘဲ တမင်ပျက်ကွက်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။