ပုဒ်မ ၂၂၇
ပုဒ်မ ၂၂၇
ပြစ်ဒဏ်မှ လျှော့ပေါ့ပေးစဉ်က ထားရှိသော စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်း

မည်သူမဆို သိလျက်နှင့် စည်းကမ်းချက်ထား၍ ပြစ်ဒဏ်မှ လျှော့ပေါ့ပေးသည်ကို လက်ခံပြီးနောက် ထိုစည်းကမ်းချက်ကို ဖောက်ဖျက်လျှင် ထိုသူသည် ပြစ်ဒဏ်ကျခံရခြင်း မရှိသေးပါက မူရင်းပြစ်ဒဏ် အတိုင်း ချမှတ်ရမည်။ မူရင်းပြစ်ဒဏ်အနက် အချို့အဝက် ခံရပြီးဖြစ်လျှင် ကျန်သည့်ပြစ်ဒဏ် ချမှတ်ရ မည်။

မည်သူမဆို ပြစ်ဒဏ်မှ လျှော့ပေါ့ပေးစဉ်က ထားရှိသော စည်းကမ်းချက်ကို ဖောက်ဖျက်၍ တိမ်းရှောင် သဖြင့် ဤပုဒ်မအရ ပြစ်ဒဏ်စီရင်ခြင်းခံရလျှင် ထိုသူကို ဤပုဒ်မ၌ ပြဋ္ဌာန်းထားသော ပြစ်ဒဏ်အပြင် ပြစ်ဒဏ်ချမှတ်သော တရားသူကြီးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ထိ ချမှတ်ရမည်။



ကျင့်ထုံး