ပုဒ်မ ၂၁၀
ပုဒ်မ ၂၁၀
မရထိုက်သောငွေအတွက် လိမ်လည်လှည့်ဖြားလိုသော သဘောနှင့်ဒီကရီရယူခြင်း

မည်သူမဆို မရထိုက်သော ငွေအတွက်ဖြစ်စေ၊ ရထိုက်သော ငွေထက်ပိုမို၍ဖြစ်စေ၊ မိမိ ရထိုက်ခွင့် မရှိသော ပစ္စည်းတစ်ခုခုအတွက်ဖြစ်စေ၊ ထိုပစ္စည်းတွင်ရှိသော အကျိုးခံစားခွင့် တစ်ခုခုအတွက်ဖြစ်စေ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့် သူတစ်ဦးဦးအပေါ်တွင် ဒီကရီကိုသော်လည်းကောင်း၊ အမိန့်ကို သော်လည်းကောင်း ရယူလျှင် သို့မဟုတ် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ဒီကရီဖြစ်စေ၊ အမိန့် ဖြစ်စေ ကျေအေးပြေငြိမ်း ပြီးသော်လည်း ထိုသူအပေါ်တွင် ​ကျေအေးပြေငြိမ်း ပြီးဖြစ်သော ဒီကရီကို ဖြစ်စေ၊ အမိန့်ကိုဖြစ်စေ ဇာရီပြုစေလျှင် သို့မဟုတ် ဒီကရီဖြစ်စေ၊ အမိန့်ဖြစ်စေ ကျေအေးပြေငြိမ်းပြီး ခြင်းနှင့် သက်ဆိုင် သော အရာတစ်ခုခုအတွက် ဒီကရီကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ ဇာရီပြုစေလျှင် သို့မဟုတ် လိမ်လည် လှည့်ဖြား လိုသောသဘောဖြင့် အဆိုပါပြုလုပ်မှု တစ်ခုခုကို မိမိအမည်ဖြင့် အပြုခံ လျှင် သို့မဟုတ် ခွင့်ပြုပေးလျှင် ထိုသူကိုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ကျင့်ထုံး


  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆင့် ဖမ်းဆီးနိုင်သည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် ။
  6. ရာကျင့် ၁၉၅ (၁)(ခ) ကို လိုက်နာရသည်။