မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအရ (* * *) သူတစ်ဦးဦးကို သေဒဏ်ထိုက်သောအမှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရစေရန် ကြံရွယ်၍သော်လည်းကောင်း၊ ထိုသို့ ပြစ်မှုထင်ရှားစီရင်ခြင်းခံတန်ရာ သည်ကို သိလျက်နှင့်သော်လည်းကောင်း မမှန်သက်သေခံလျှင် သို့မဟုတ် မမှန်သက်သေခံ ဖန်တီးလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။