အကြောင်းခြင်းရာတစ်ခုခုနှင့်စပ်လျဉ်း၍ သက်သေခံအဖြစ်ဖြင့် ဥပဒေအရ တရားရုံးကဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းတစ်ဦးဦးကဖြစ်စေ၊ အခြားသူတစ်ဦးကဖြစ်စေ လက်ခံရန် တာဝန်ရှိသော သို့မဟုတ် လက်ခံပိုင်ခွင့်ရှိသော ကြေညာချက်ကို ပြုသူသည် သို့မဟုတ် လက်မှတ်ရေးထိုးသူသည် မမှန်သည်လည်း ဖြစ်၍၊ မမှန်ဟုသိသော သို့မဟုတ် ထိုသို့ယုံကြည်သော သို့မဟုတ် မှန်သည်ဟု မိမိမယုံကြည်သော ဖော်ပြချက်ကို၊ အဆိုပါ ကြေညာချက်ပြုသော သို့မဟုတ် အသုံးပြုသော ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ အရေးပါသောအချက်၌ပြုလျှင် ထိုသို့ပြုသူကို မမှန်သက်သေခံသကဲ့သို့ ထပ်တူပြစ်ဒဏ် ချမှတ်ရမည်။