တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်၏ အဆင့်တစ်ခုခုတွင် ဥပဒေနှင့် ဆန့်ကျင် သည်ဟု မိမိသိသော အစီရင်ခံချက်၊ အမိန့်၊ ကောက်ယူချက် သို့မဟုတ် ဆုံးဖြတ် ချက်ကို ပြည်သူ့ဝန်ထမ်းက တရားမဲ့စွာ သို့မဟုတ် မသမာစိတ်ဖြင့်ပြုလျှင် သို့ မဟုတ် ချမှတ်လျှင် ထိုသူကိုခုနစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။