ပုဒ်မ ၁၉၆
ပုဒ်မ ၁၉၆
မမှန်ဟုသိသော သက်သေခံချက်ကို အသုံးပြုခြင်း

မည်သူမဆို မမှန်ဟုသော်လည်းကောင်း၊ ဖန်တီးထားသည်ဟုသော်လည်းကောင်း မိမိသိသော သက်သေခံချက်တစ်ခုခုကို အမှန်သက်သေခံအဖြစ်ဖြင့်ဖြစ်စေ၊ စစ်မှန်သော သက်သေခံအဖြစ်ဖြင့်ဖြစ်စေ တရားမဲ့စွာအသုံးပြုလျှင် သို့မဟုတ် ထိုသို့အသုံးပြုရန် အားထုတ်လျှင်ထိုသူကို မမှန်သက်သေခံ သကဲ့သို့ သော်လည်းကောင်း မမှန်သက်သေခံ ဖန်တီးသကဲ့သို့သော်လည်းကောင်း ထပ်တူပြစ်ဒဏ်ချမှတ်ရမည်။


ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆင့် ဖမ်းဆီးနိုင်သည်။
  3. အဆိုပါ သက်သေခံချက်ပေးသည့် ပြစ်မှုအတွက်အာခံ ပေးနိုင်၊ မပေးနိင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်သည်။။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံးပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။