မည်သူမဆို ပြစ်မှုတစ်ခုခုအတွက် အခြားသူတစ်ဦးဦးအား ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို တမင်ခုခံလျှင် သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်၍ ဟန့်တားလျှင် သို့မဟုတ် ပြစ်မှုတစ်ခုခုအတွက် ဥပဒေနှင့် အညီ အခြားသူတစ်ဦးဦးအား ချုပ်ထားရာမှ ကယ်လွှတ်လျှင် သို့မဟုတ် ကယ်လွှတ်ရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊၊ သို့မဟုတ်
ဖမ်းဆီးခံရမည့်သူသည် သို့မဟုတ် ကယ်လွှတ်ခံရသူသည် သို့မဟုတ် ကယ်လွှတ်ရန် အားထုတ်ခံရသူ သည် ထောင်ဒဏ်နှစ် နှစ်ဆယ် သို့မဟုတ် ဆယ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခံထိုက်သော ပြစ်မှုနှင့် စွဲဆိုခံ ရသူ ဖြစ်လျှင် သို့မဟုတ် ထိုပြစ်မှုနှင့် ဖမ်းဆီးခံထိုက်သူဖြစ်လျှင် သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်၊၊ သို့မဟုတ်
ဖမ်းဆီးခံရမည့်သူသည် သို့မဟုတ် ကယ်လွှတ်ခံရသူသည် သို့မဟုတ် ကယ်လွှတ်ရန် အားထုတ်ခံရသူ သည် သေဒဏ်ထိုက်သောပြစ်မှုနှင့် စွဲဆိုခံရသူဖြစ်လျှင် သို့မဟုတ် ထိုပြစ်မှုနှင့် ဖမ်းဆီးခံထိုက်သူဖြစ်လျှင် ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်၊၊ သို့မဟုတ်
ဖမ်းဆီးခံရမည့်သူသည် သို့မဟုတ် ကယ်လွှတ်ခံရသူသည် သို့မဟုတ် ကယ်လွှတ်ရန် အားထုတ်ခံရသူ သည် တရားရုံး၏ စီရင်ချက်အရဖြစ်စေ၊ ထိုစီရင်ချက်ကို လျှော့ပေါ့ပြောင်းလဲသည့် အမိန့်အရဖြစ်စေ ထောင်ဒဏ်နှစ် နှစ်ဆယ်သော်လည်းကောင်း၊ ဆယ်နှစ်မှ နှစ်နှစ်ဆယ် (* * *) ထိ ထောင်ဒဏ် သော်လည်းကောင်း ချမှတ်ခံရသူဖြစ်လျှင် ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ သို့မဟုတ်
ဖမ်းဆီးခံရမည့်သူသည် သို့မဟုတ် ကယ်လွှတ်ခံရသူသည် သို့မဟုတ် ကယ်လွှတ်ရန် အားထုတ်ခံရသူ သည် သေဒဏ်ချမှတ်ခံရသူဖြစ်လျှင် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။