မည်သူမဆို ဆိုခဲ့သော ကြေညာချက်တစ်ခုခုသည် အရေးပါသောအချက်တစ်ခုခု၌ မမှန်ဟု သိလျက်နှင့် အမှန်အဖြစ်ဖြင့် တရားမဲ့စွာ အသုံးပြုလျှင် သို့မဟုတ် ထိုသို့ အသုံးပြုရန် အားထုတ်လျှင် ထိုသူကို မမှန်သက်သေခံသကဲ့သို့ ထပ်တူပြစ်ဒဏ် ချမှတ်ရမည်။
ရှင်းလင်းချက်။ နည်းလမ်းတကျ ဆောင်ရွက်ခြင်းမရှိခဲ့ရုံမျှနှင့် သက်သေခံအဖြစ် လက်မခံနိုင်သော ကြေညာချက်သည် ပုဒ်မ ၁၉၉ နှင့် ၂၀၀ တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၌ အကျုံးဝင်သည့် ကြေညာချက်ဖြစ်သည်။