ပုဒ်မ ၁၉၂
ပုဒ်မ ၁၉၂
မမှန်သက်သေခံဖန်တီးခြင်း

မည်သူမဆို တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခု၌ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်း သို့မဟုတ် အနုညာ တ ခုံသမာဓိ၏ ရှေ့မှောက်၌ ဥပဒေအရ ဆောင်ရွက်သည့်လုပ်ငန်းစဉ် တစ်ခု၌ဖြစ်စေ ပတ်ဝန်းကျင် အကြောင်း ခြင်းရာတည်ရှိမှုတစ်ခုခုကိုသော်လည်းကောင်း၊ စာအုပ်သို့မဟုတ်မှတ်တမ်း၌ မမှန်ရေးသွင်း ချက် သို့မဟုတ် မမှန်ထွက်ဆိုချက်ပါသော စာတမ်း မှတ်အသားတစ်ခုကိုသော် လည်းကောင်း သက်သေခံ အဖြစ် ပေါ်ပေါက်လာနိုင်စေရန်၊ ထို့ပြင် ထိုသို့ပေါ်ပေါက်လာနိုင်သောပတ်ဝန်းကျင် အကြောင်းခြင်းရာ အားဖြင့် သော်လည်းကောင်း၊ မမှန်ရေးသွင်းချက်အားဖြင့် သော်လည်းကောင်း၊ မမှန်ထွက်ဆိုချက်ပါသော စာတမ်း အမှတ်အသားအားဖြင့်သော်လည်းကောင်း၊ အဆိုပါ တရားစီရင်သောမှုခင်းကိစ္စ၌ သက်သေခံ ချက်ကို အထောက်အထားပြုကာ ထင်မြင် ကောက်ယူရန်ရှိသောသူအား အမှု၏ အဆုံးအဖြတ်တွင် အရေး ပါသော အချက်တစ်ခုခုနှင့် စပ်လျဉ်း၍ လွဲမှားစွာထင်မြင်စေရန် ကြံရွယ်၍ပြုလျှင် ထိုသူသည် “မမှန် သက်သေခံ ဖန်တီးသည်” မည်၏။

ဥပမာများ

(က) Z ပိုင် သေတ္တာထဲ၌ ကျောက်မျက်ရတနာများကို တွေ့ရှိစေ၍ ထိုသို့တွေ့ရှိသော ပတ်ဝန်းကျင်အကြောင်းခြင်းရာသည် Z အား ခိုးမှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရစေရန် ကြံရွယ်လျက် A သည် Z ၏ ထိုသေတ္တာထဲသို့ ကျောက်မျက် ရတနာများကို ထည့်ထား၏။ A သည် မမှန်သက်သေခံ ဖန်တီးသည်မည်၏။

(ခ) တရားရုံးတွင် ထောက်ခံသက်သေခံချက်အဖြစ် အသုံးပြုနိုင်ရန်အလို့ငှာ A သည် ၎င်း၏ စာရင်းစာအုပ်တွင် မမှန်ရေးသွင်းချက်တစ်ခုကိုပြု၏။ A သည် မမှန်သက်သေခံ ဖန်တီးသည် မည်၏။

(ဂ) A သည် ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှုဖြင့် Z ကို ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရစေရန် ကြံရွယ်၍ Z ၏ လက်ရေးအတုပြုလုပ်ကာ စာတစ်စောင်ရေးသားပြီးလျှင် ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှုတွင် ပါဝင်သည့် ကြံရာပါတစ်ဦးထံသို့ ရေးသားထားသည့်အနေဖြင့် ရဲအရာရှိများ ရှာဖွေတန်ရာသည်ဟု သိရှိသောနေရာ၌ ထိုစာကိုထား၏။ A သည် မမှန်သက်သေခံဖန်တီးသည် မည်၏။


ကျင့်ထုံး