သူတစ်ဦးဦးက ပြစ်မှုတစ်ခုခုကို ထိမ်ချန်ခြင်းအတွက်ဖြစ်စေ၊ ပြစ်မှုတစ်ခုခုအတွက် ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခြင်းခံထိုက်သူကို ကာကွယ်ခြင်းအတွက်ဖြစ်စေ၊ အခြားသူ တစ်ဦးအား ဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်ခြင်း ခံရစေရန် တရားစွဲဆိုမှုကို မပြုခြင်းအတွက်ဖြစ်စေ မည်သူမဆို ထိုသူအားတံစိုး လက်ဆောင်ပေးလျှင် သို့မဟုတ် ပေးစေလျှင် သို့မဟုတ် ကမ်းလှမ်းလျှင် သို့မဟုတ် ပေးရန်သော် လည်းကောင်း၊ ပေးစေရန်သော်လည်းကောင်း သဘောတူလျှင် သို့မဟုတ် ပစ္စည်းပြန်အပ်ရန်သော် လည်းကောင်း၊ ပြန်အပ်စေရန် သော်လည်းကောင်း ကမ်းလှမ်းလျှင် သို့မဟုတ် သဘောတူလျှင်၊
သေဒဏ်ထိုက်သောပြစ်မှုဖြစ်ပါက။
အဆိုပါပြစ်မှုသည် သေဒဏ်ထိုက်သောပြစ်မှုဖြစ်ပါက ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ထိုက်သောပြစ်မှုဖြစ်ပါက။
ထို့ပြင် အဆိုပါပြစ်မှုသည် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ထိုက်သော ပြစ်မှုဖြစ်ပါက သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့ပြင် အဆိုပါပြစ်မှုသည် ဆယ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ထိုက်သောပြစ်မှုဖြစ်ပါက ထိုပြစ်မှုအတွက် အများဆုံး ပြဋ္ဌာန်းထားသော ကာလအပိုင်းအခြား၏ လေးပုံတစ်ပုံထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကင်းလွတ်ချက်။ ပုဒ်မ ၂၁၃ နှင့် ၂၁၄ တို့ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေနှင့်အညီ ကျေအေးနိုင်သော ပြစ်မှုများနှင့်မသက်ဆိုင်စေရ။