မည်သူမဆို တရားရုံးရှေ့တွင်ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်း အဖြစ်ဖြင့် ဥပဒေအရ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုခုတွင်ဖြစ်စေ သက်သေခံအဖြစ် တင်ပြစေရန် ဥပဒေအရ အတင်း အကျပ်တောင်းခံနိုင်သော စာတမ်းအမှတ်အသားကို သက်သေခံအဖြစ် မတင်ပြနိုင်အောင် သို့မဟုတ် အသုံးမပြုနိုင်အောင် ပြုရန်အကြံဖြင့် ထိုစာတမ်းအမှတ်အသားကို လျှို့ဝှက်ထားလျှင် သို့မဟုတ် ဖျက်ဆီး လျှင် သို့မဟုတ် ထိုစာတမ်းအမှတ်အသားအားလုံး၌ဖြစ်စေ၊ အချို့၌ဖြစ်စေ အမှတ်အသားကို ဖျက်လျှင် သို့မဟုတ် မထင်ရှားအောင်ပြုလျှင်၊ သို့မဟုတ် စာတမ်းအမှတ်အသားကို သက်သေခံအဖြစ် တင်ပြစေရန် ဥပဒေအရ ဆင့်ဆိုခြင်းခံရပြီးနောက် သို့မဟုတ် တင်ပြစေခိုင်းပြီးနောက် ထိုစာတမ်းအမှတ်အသားကို လျှို့ဝှက်လျှင် သို့မဟုတ် ဖျက်ဆီးလျှင် သို့မဟုတ် ထိုစာတမ်းအမှတ်အသား အားလုံး၌ဖြစ်စေ၊ အချို့၌ ဖြစ်စေ အမှတ်အသားကိုဖျက်လျှင် သို့မဟုတ် မထင်ရှားအောင် ပြုလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။