မည်သူမဆို ဥပဒေအရ ထုတ်ပေးရန် သို့မဟုတ် လက်မှတ်ရေးထိုးရန် လိုအပ်သော အထောက် အထားလက်မှတ်၌ဖြစ်စေ၊ အကြောင်းခြင်းရာတစ်ခုနှင့်စပ်လျဉ်း၍ ဥပဒေအရ သက်သေခံဝင်သော အထောက်အထားလက်မှတ်၌ဖြစ်စေ အရေးပါသော အချက်တစ်ခုခုတွင် မမှန်ကြောင်းသိလျက်နှင့် သို့မဟုတ် မမှန်ကြောင်း ယုံကြည်လျက်နှင့် ထိုအထောက်အထား လက်မှတ်ကို ထုတ်ပေးလျှင် သို့မဟုတ် လက်မှတ်ရေးထိုးလျှင် ထိုသူကို မမှန်သက်သေခံ သကဲ့သို့ ထပ်တူပြစ်ဒဏ် ချမှတ်ရမည်။