မည်သူမဆို ပြစ်မှုကျူးလွန်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ ထိုပြစ်မှုနှင့်စပ်လျဉ်း၍ မမှန်ဟု မိမိသိသော သို့မဟုတ် ယုံကြည်သော သတင်းတစ်ခုခုပေးလျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ရှင်းလင်းချက်။ ပြည်ထောင်စုမြန်မာနိုင်ငံအပတွင်ပြုသော ပြုလုပ်မှုတစ်ခုခုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း၌ ကျူးလွန်ခဲ့သော် ပုဒ်မ ၃၀၂၊ ၃၀၄၊ ၃၈၂၊ ၃၉၂၊ ၃၉၃၊ ၃၉၄၊ ၃၉၅၊ ၃၉၆၊ ၃၉၇၊ ၃၉၈၊ ၃၉၉၊ ၄၀၂၊ ၄၃၅၊ ၄၃၆၊ ၄၄၉၊ ၄၅၀၊ ၄၅၇၊ ၄၅၈၊ ၄၅၉ နှင့် ၄၆၀ တစ်ခုခုအရ ပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှုမျိုးဖြစ်လျှင် ထိုပြုလုပ်မှုသည် ပုဒ်မ ၂၀၁၊ ၂၀၂နှင့် ဤပုဒ်မတို့၌ ပါသည့် “ပြစ်မှု” ဆိုသော စကားရပ်၌ အကျုံးဝင်သည်။